အမည်ရင်း – နေမျိုးကျော်
အနုပညာ/Bloggerအမည်- နေဘုန်းလတ် (Nay Phone Latt)
မွေးသက္ကရာဇ် – ၂၈-၀၆-၁၉၈၀ (စနေ)
မိဘအမည် – ဦးသိန်းထွန်း + ဒေါ်အေးအေးသန်း
မွေးချင်း – ညီအစ်ကိုသုံးယောက်မှာ အလတ်
ဇာတိ – ရန်ကုန်
ပညာအရည်အချင်း – BE (CIVIL)
၈တန်းကျောင်းသားဘဝလောက်မှစ၍ … နွေလေ ကလောင်အမည်ဖြင့် ကဗျာများ၊ စာတိုပေစများကိုစတင်ရေးသားခဲ့ပြီး … သူငယ်ချင်းများနှင့်အတူ ဒြပ်မဲ့ကမ္ဘာ၊ စိတ်ကူးကိုယ်ထည် စသည့် ကဗျာစာအုပ်များ အပျော်တမ်းထုတ်ဝေဖူးခဲ့ပါသည်။ ၂၀၀၄ ခုနှစ်မှစ၍ နေဘုန်းလတ် ကလောင်အမည်ဖြင့် စံပယ်ဖြူ၊ မိုး၊ ချယ်ရီ၊ နွယ်နီ၊ ရယ်စရာ(ယခု ပြုံးစရာ) စသည့် မဂ္ဂဇင်းများတွင် အတွေးဆောင်းပါးများ စတင်ရေးသားခဲ့ပြီး နောက်ပိုင်းတွင် ဝတ္ထုတိုများ၊ နည်းပညာဆိုင်ရာဆောင်းပါးများ၊ အက်ဆေးများ ဆက်လက်ရေးသားခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် နေမျိုး(သံလွင်) အမည်ဖြင့် သံလွင်အိပ်မက် အယ်ဒီတာ တစ်ယောက်ဖြစ် လာခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ” ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်” အမည်ဖြင့် ဘလော့ဂ်တစ်ခုဖန်တီးခဲ့ပြီး ရသစာပေများကို ခံစားရေးဖွဲ့ခဲ့ပါသည်။ ဘုန်းဦးမော် ဟူသည့် ကလောင်အမည်ဖြင့်လည်း ဖူးငုံ(Teen) မဂ္ဂဇင်းတွင် ဝတ္ထုတိုများရေးသားခဲ့သူဖြစ် သည်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် အနှစ် (၂၀) နှင့် (၆) လချမှတ် ခြင်းခံခဲ့ရသည်။ အင်းစိန်ထောင်နှင့် ဘားအံထောင်များတွင် (၄)နှစ်နီးပါး ထိမ်းသိမ်းခံခဲ့ရပြီးနောက် ၂၀၁၂ ဇန်နဝါရီလတွင် ပြန် လည်လွတ်မြောက်လာခဲ့သည်။ အကျဉ်းချခံထားရစဉ်အတွင်း ၂၀၀၈ ခုနှစ်တွင် RSF (Reporters Without Borders) မှချီးမြှင့် သော “Cyber-dissident” ဆုကို လူရွှင်တော်ဇာဂနာနှင့် ပူးတွဲရရှိခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် PEN American မှ Freedom to Write Award ဆုကို ချီးမြှင့်ခဲ့သည်။ TIME Magazine မှရွေးချယ်သော ၂၀၁၀ခုနှစ်၏ လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင်လည်း အခြားနာမည်ကျော် ပုဂ္ဂိုလ်များနှင့်အတူ ပါဝင်ခဲ့သည်။ လက်ရှိတွင် Myanmar ICT For Development Organization (MIDO) ၏ အကြံပေး အဖြစ်လည်းကောင်း၊ PEN Myanmar Center အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဒီလှိုင်းစာစောင်၏ အယ်ဒီတာအဖွဲ့ ဝင်တစ်ဦးအဖြစ်လည်းကောင်း တာဝန်ယူပြီး တိုင်းပြည်အကျိုး ဆောင်ရွက်လျက်ရှိသည်။ အမုန်းစကားများကို ဆန့်ကျင် သောလှုပ်ရှားမှုဖြစ်သော ပန်းစကား လှုပ်ရှားမှုကို စတင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်” “ကျွန်တော်နှင့် အခြားသောအရာများ” ဝတ္ထုတိုစုစာအုပ်၊ ညီလေးရေ အမည်ရ ထောင်တွင်းမှပေးစာများ စာအုပ်၊ ‘လွတ် လပ်ခြင်းဖြင့်မြတ်နိုးအပ်သော’ ဝတ္ထုလတ်နှစ်ပုဒ်စုစည်းမှုစာအုပ်၊ မှ/သို့ နေဘုန်းလတ် စာစုများ စုစုပေါင်း စာအုပ် (၅) အုပ်ကို ထုတ်ဝေခဲ့ပြီးဖြစ်ပြီး ဒီလှိုင်း၊ ပြည်သူ့ခေတ် နှင့် အခြားသော ပြည်တွင်း မီဒီယာများတွင် ဆောင်းပါးများ ဆက်လက်ရေးသား လျက်ရှိပါသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်အရွေးချယ်ခံခဲ့ရာ အနိုင်ရရှိခဲ့သည်။ ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်လျက်ရှိသည်။

274 Comments

  1. best male ed pills buy ed pills online Uejyup lakgqj

  2. The mechanism of action of synthetic stimulants involves two effects of accelerating circulation in the pelvic area, as well as relaxing the smooth muscles of the penis, all this contributes to maximum and long-term erection.The description of the drug indicates that Viagra is intended to treat erection disorders that are a consequence of vascular disorders or nervous disorders and are defined as inability to achieve an erection of the penis and maintain it during the time required for successful sexual contact.Generic is a drug that has the same composition and effects on the body as the original brand Viagra.Sildenafil is a generic medicine and produced by several manufacturers Viagra, is the branded version of Sildenafil patented by the company, Pfizer Viagra Connect is over-the-counter Viagra , which is also made by Pfizer.Itsoktocry Viagra – Бесплатно скачать Mp3.

Leave a Reply

Your email address will not be published.

Comment moderation is enabled. Your comment may take some time to appear.