လယ်ယာမြေနှင့်ပါတ်သက်သော မူဝါဒ နှင့် ဥပဒေများ အပေါ် ဝေဖန်သုံးသပ်အကြံပြု(ပထမ အကြိမ်) ဆွေးနွေးပွဲ
(၂၄. ၁၀. ၂၀၁၆ )ရက်နေ့ သံလွင် (နိုင်ငံသားစွမ်းရည်မြှင့်)အဖွဲ့ကစီစဉ်သော လက်ရှိ (၂၀၁၆) အမျိုးသားမြေအသုံးချမှု မူဝါဒ၊ (၂၀၁၂) လယ်ယာမြေ ဥပဒေ၊ (၁၈၉၄) မြေသိမ်းဥပဒေတွေကို ဝေဖန်သုံးသပ်၊ အကြံပြု ဆွေးနွေးပွဲကို အလုံလမ်းက My Garden Restaurant မှာပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် အဓိက ဦးဆောင်သူများအဖြစ် ဆရာဦးဇော်မင်း (နတ် မောက်)၊ ဆရာဦးမောင်မောင်ညွန့်၊ ဦးငြိမ်းဇာနည်နိုင်(LCG)တို့က ဦးဆောင်ဆွေးနွေးပြီး၊ မြေယာအရေးဆောင်ရွက် နေသော နိုင်ငံတကာနှင့်ပြည်တွင်း NGO များ၊ အရပ်ဖက် အဖွဲ့စည်းများမှ ကိုယ်စားလှယ်များနှင့် လယ်ယာမြေ ဥပဒေ အကျိုးဆောင်ရှေ့နေများ၊ တသီးပုဂ္ဂလများတက်ရောက်ပြီးဆွေးနွေးခဲ့ကြသည်။Read More →