About ThanLwin
သံလွင် (Citizen Empowerment Program) ကို မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဒီမိုက ရေစီအလေ့အထများ ပိုမိုဖွံ့ဖြိုးစေရန်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ အားကောင်းလာစေရန်ရည်ရွယ်ပြီး ၂၀၁၂၊ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ စတင်ဖွဲ့စည်း တည်ထောင်သူများမှာ ဦးသီဟသူ(ဦးဆန်နီ) (Social development worker)၊ ဆရာနေဘုန်းလတ်(Blogger)၊ ဒေါတ်တာရန်မျိုးသိမ်း(Political Commentator/Analyst)၊ ဦးဇော်မင်းကျော်(ပြည်သွေးနိုင်၊ ခေတ်ရနံ့မဂ္ဂဇင်း)နှင့် ဒေါ်ခင်လေး(Triangle Women’s Support Group) တို့ဖြစ်ကြပါသည်။
သံလွင်ဖွဲ့စည်းတည်ထောင်ပြီးနောက် ပထမဦးဆုံးလှုပ်ရှားမှုအဖြစ် သတင်းစာများက သမိုင်း ကိုပြောနေကြသည် ခေါင်းစဉ်ဖြင့် ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ၊ ၆ ရက်နေ့က ရန်ကုန်မြို့ Central Hotel တွင်ဆွေးနွေးပွဲတစ်ခုစတင်ပြုလုပ်ခဲ့သည်။ ဦးဆောင်ဆွေးနွေးသူများမှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် ကြေးမုံဦးကိုကိုကြီး(ဟန်ဂေရီကိုကိုကြီး)တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှ အယ်ဒီတာနှင့်သတင်းထောက်များတက်ရောက်ခဲ့သည်။
သံလွင်၏ ဒုတိယအစီအစဉ်အဖြစ် မြန်မာ့နိုင်ငံရေးသမိုင်းခေါင်းစဉ်ဖြင့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့တွင် ရန်ကုန်မြို့Doreen Restaurant နှင့် My Garden Restaurant တို့တွင် အပိုင်းသုံးပိုင်းခွဲ့ပြီး ဒေါက်တာကျော်ဝင်း(သမိုင်းပါမောက္ခ-ငြိမ်း) က ဆွေးနွေးပို့ချခဲ့ပါသည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှ အယ်ဒီတာနှင့်သတင်းထောက်များတက်ရောက်ခဲ့သည်။
သံလွင်၏ တတိယအစီအစဉ်အဖြစ် မြန်မာ့နိုင်ငံရေးအကူးအပြောင်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများခေါင်းစဉ်ဖြင့် ၂၀၁၃ ခုနှစ်၊ မတ်လ(၂၉)ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင် ခန်းမတွင် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ ဦးဆောင်ဆွေးနွေးသူများမှာ ဦးမော်သန်း(ပါမောက္ခချုပ်-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)၊ ဒေါက်တာသောင်းထွန်း(International Peace and Social Justics)၊ ဦးမင်းဇင်(နိုင်ငံရေးမဟာဗျူဟာ လေ့လာရေးအင်စတီကျူ့) တို့က ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
သံလွင် (Citizen Empowerment Program) အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်းတွင် စွမ်းရည်မြှင့်သင်တန်းလေးကြိမ်ပြုလုပ်ခဲ့ပါသည်။ ၄င်းတို့မှာ –
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ (၅)ရက်၊ (၆)ရက်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး။ ၂၀၁၃ ခုနှစ်၊ မေလ(၁၆)ရက်၊ (၁၇)ရက်။
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး။ ၂၀၁၃ ခုနှစ်၊ ဇွန်လ(၂၅) ရက်၊ (၂၆)ရက်၊ (၂၇) ရက်။
လယ်ဝေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး။ ၂၀၁၃ ခုနှစ်၊ ဇွန်လ (၂၆)ရက်၊ (၂၇) ရက်။
သံလွင် (Citizen Empowerment Program) အနေဖြင့် ၂၀၁၄ ခုနှစ်တွင် စွမ်းရည်မြှင့်သင်တန်း သုံးကြိမ််ပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး။ ၂၀၁၄ ခုနှစ်၊ မတ်လ(၂၂) ရက်၊ (၂၃) ရက်၊ (၂၄)ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကရုဏာမြန်မာစင်တာ။ ၂၀၁၄ခုနှစ်၊ မတ်လ(၂၉)ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး။ ၂၀၁၄ ခုနှစ်၊ မေလ(၂၉) ရက်၊ (၃၀) ရက်၊ (၃၁)ရက်။
သံလွင် (Citizen Empowerment Program) အနေဖြင့် ၂၀၁၅ ခုနှစ်တွင် စွမ်းရည်မြှင့်သင်တန်း (၈)ကြိမ်ပြုလုပ်ခဲ့ပါသည်။
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး။ ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၈) ရက်၊ (၁၉) ရက်၊ (၂၀)ရက်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး။ ၂၀၁၅ ခုနှစ်၊ ဧပြီလ(၂၁) ရက်၊ (၂၂) ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီး၊ မင်္ဂလာခန်းမ။ ၂၀၁၅ ခုနှစ်၊ မေလ(၂၂) ရက်၊ (၂၃) ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမျိုးသမီးဂေဟာ ခန်းမ။ ၂၀၁၅ ခုနှစ်၊ ဇွန်လ(၂၀) ရက်၊ (၂၁) ရက်။
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး။ ၂၀၁၅ ခုနှစ်၊ ဇွန်လ(၂၅) ရက်၊ (၂၆) ရက်။
ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ မြတ်မနောဟိုတယ်ခန်းမ။ ၂၀၁၅ ခုနှစ်၊ ဂျူလိုင်လ(၁၁) ရက်၊ (၁၂) ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ ထင်ကောင်းခန်းမ။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၂၄) ရက်၊ (၂၅) ရက်။
စစ်ကို်င်းတိုင်းဒေသကြီ။ ဗန်းမောက်၊ ဘုန်းကြီးကျောင်း။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၁) ရက်၊ (၂၂) ရက်။
မျှော်မှန်းချက်ပန်းတိုင် (VISION)
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း နိုင်ငံသားတိုင်းဒီမိုကရေစီအလေ့အထများ စွဲမြဲရှင်သန်လာစေရန်နှင့် အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းလာစေရန်။
လုပ်ငန်းစဉ်(MISION)
ဒီမိုကရေစီ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနှင့် တာဝန်များကို နိုင်ငံသားများ ပိုမိုနားလည်တန်ဘိုးထားတတ်လာပြီး လက်တွေ့ ကျင့်သုံးနိုင်မည့်စွမ်းရည်မြှင့်တင်လုပ်ဆောင်ခြင်း။
ဒီမိုကရေစီရှင်သန်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် နိုင်ငံသားများ၊ အရပ်ဘက်လူမှုအဖွွဲ့အစည်းများနှင့် အစိုးရကြား အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုအလေ့အထများ အားကောင်းလာစေရေး အသိပညာနှီးနှောဖလှယ်ပွဲ၊ ဖိုရမ်များလုပ်ဆောင်ခြင်း။
ပြည်သူလူထုအကျိုးကို ရှေ့ရှုဖော်ဆောင်ပေးနိုင်သော ထိရောက်အားကောင်းသည့် ပြည်သူ့ရေးရာ မူဝါဒများ ကို လေ့လာဖော်ထုတ်တင်ပြခြင်း။