သံလွင်( Citizen Empowerment Program) အဖွဲ့ကစီစဉ်တဲ့ ပြည်သူတွေပြောတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေ သုတသနအစီရင်စာ ကို ယနေ့ ၃၁ သြဂုတ်လ၊၂၀၂၀။ နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင်အစိုးရအဖွဲ့ ဦးလှမိုးအောင်(ဝန်ကြီးချုပ်)၊ ဗိုလ်မှူးကြီးကျော်စွာလှိုင်(လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး)၊ဦးဌေးဝင်း(စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး)၊ ဦးဝင်းဌေး(လျှပ်စစ် စွမ်းအင် စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး)၊ ဒေါက်တာစိုးဝင်း(လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး)၊ဂါ့မိုးမြတ်မြတ်သူ(ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)နှင့် ဦးထွန်းလွင် (တိုင်းအစိုးရအဖွဲ့ညွှန်ကြားရေးမှူး) တို့တက်ရောက်ပြီး၊ သံလွင်အဖွဲ့မှ ဦးသီဟသူ(ဒါရိုက်တာ)နှင့် ဦးရဲအောင်(OMI)တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။၎င်းသုတေသနအစီရင်ခံစာတွင် ဒီမိုကရေစီအကူးအပြောင်းကာလတွင်ပြည်သူလူထုပူးပေါင်းပါဝင်မှု အားကောင်းသော ကောင်းမွန် သည့် ဒေသန္တရအုပ်ချုပ်စီမံမှုအပြောင်းအလဲများဖော်ဆောင်၊ အားပေးမြှင့်တင်နိုင်ရန် ၁။ ဒေသန္တရအုပ်ချုပ်ရေး(ရပ်ကွက်/ကျေးရွာ)အပေါ် ပြည်သူလူထု၏အမြင်နှင့် နားလည် လက်ခံထားမှု များကိုလေ့လာဖော်ထုတ်နိုင်ရန်။၂။ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ဒေသခံ ပြည်သူလူထုအပေါ်ကိုယ်စားပြုမှု။ ရွေးကောက်တင်မြှောက် ထားမှုအခြေအနေများကိုလေ့လာဖော်ထုတ်နိုင်ရန်။၃။ ရပ်ကွက်ကျေးရွာအုပ််ချုပ်ရေးအဖွဲ့ဝင်များ၏စွမ်းဆောင်ရည်နှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှု အပေါ် (Good Governance) များအပေါ်ဒေသခံပြည်သူတို့၏ အကဲဖြတ်ချက်များ လေ့လာဖော်ထုတ်နိုင်ရန်။၄။ လက်ရှိိကာလရပ်ကွက်ကျေးရွာအုပ််ချုပ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင် မှုအခြေအနေနှင့်ရပ်ရွာအုပ်ချုပ်ရေးများ ပိုမိုကောင်းမွန်ရေး အကြံပြုချက်များကို လေ့လာ ဖော်ထုတ်နိုင်ရန်ရည်ရွယ်ခဲ့ပါသည်။ – ပြည်သူ အားလုံးကိုလွှမ်းခြုံကိုယ်စားပြုနိုင်ရန် – လူထုလူတန်းစား(၆)လွှာ- ဝန်ထမ်း၊- စီးပွားရေးလုပ်ငန်းရှင်၊- ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူ၊- မှီခို၊- ကျောင်းသား၊- ကျပန်းစသည် တို့အားမေးမြန်းရယူခဲ့ပါသည်။ – စစ်တမ်းနှင့် သတင်းအချက် အလက်များရယူရာတွင်- တိုင်းဒေသကြီး၊ ခရိုင်မြို့နယ် အာဏာပိုင်များ၏ခွင့်ပြချက်ဖြင့် – ဒေသခံအရပ်ဘက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းအကူအညီရယူ၍ ကွင်းဆင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ပါသည်။ – ဤအစီရင်ခံစာသည် ဖျာပုံခရိုင်အတွင်းကိုသာ အဓိကလွှမ်းခြုံထားပါသည်။- ဖျာပုံ၊ဘိုကလေး၊ ကျိုတ်လတ်၊ ဒေးဒရဲမြို့နယ်များမှှ – မြို့ပေါ်ရပ်ကွက်များ၊ကျေးရွာများကိုသတ်မှတ်ပြီး – (၄)မြို့နယ်ရှိမြို့ပေါ်ရပ်ကွက်စုစုပေါင်း (၁၅) ရပ်ကွက်-ကျေးရွာခွဲပေါင်း(၃၆)ရွာတို့မှအချက်အလက်များဖြစ်ပါသည်။ – (၄) မြို့နယ်ဒေသခံ ပြည်သူများ၏ ရှုထောင့်ဘက်မှ မြင်သောအမြင်များသာဖြစ်ပြီး- -အုပ်ချုပ်ရေးအာဏာပိုင်များဘက်မှအမြင်များကို ထည့်သွင်းထားခြင်း မရှိပါ။ – အစီရင်ခံစာကို အခန်း(၇)ခန်းဖြင့် ဖွဲ့စည်းတင်ပြထားပါသည်။- အခန်း (၁) အစီရင်ခံစာ၏ အကြောင်းအရာအချက်အလက်များကို မိတ်ဆက်သည့် နိဒါန်းအခန်း – အခန်း(၂) ပြည်သူများ၏ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအပေါ်သိရှိနားလည်မှု၊- အခန်း(၃) ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ကိုယ်စားပြုမှု။- အခန်း(၄) အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏စွမ်းဆောင်ရည်၊- အခန်း(၅) အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ကောင်းမွန်သောစီမံအုပ်ချုပ်မှု၊- အခန်း(၆)ပြည်သူများ၏ပူးပေါင်းပါင်ဝင်ဆောင်ရွက်မှု။- အခန်း(၇) အဓိကအကြံပြုတိုက်တွန်းချက်များ။- နောက်ဆက်တွဲအခန်း ဟူ၍ပါဝင်ပါသည်။အကြံပြုတိုက်တွန်းချက်များအနေဖြင့်- အစိုးရအဖွဲ့သို့အကြံပြုချက်- ခရိုင်နှင့် မြို့နယ် သို့အကြံပြုချက်- ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ သို့အကြံပြုချက်- အခြားအဖွဲ့အစည်းများသို့အကြံပြုချက်- ပြည်သူလူထုသို့အကြံပြုချက် စသည်တို့ပါဝင်ပါသည်။
အစီရင်ခံစာအပြည့်အစုံကိုအောက်ပါ Link တွင် Download ရယူနိုင်ပါသည်။
https://drive.google.com/file/d/1oCx3Kb2P-AiTEL7F1wFA5M4vGP2Wsctg/view
အစီရင်ခံစာအနှစ်ချုပ် Download link https://drive.google.com/file/d/1DSbLatH76BuSKwcnNxgO6mLbKn9xdOpw/view
အစီရင်ခံစာ
https://drive.