
သံလွင် Citizen Empowerment Program မှစီစဉ်သည့်
ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့်အရပ်ဘက်အဖွဲ့အစညး်များ၏အခန်းကဏ္ဍ ဖိုရမ်ကို ပဲခူတိုင်းဒေသကြီး တောင်ငူမြို့၊ ကေတုရတနာခန်းမတွင် 30. 4.2018 နေ့က ကျင်းပခဲ့သည်။
ဖိုရမ်တွင် ဆရာ ခင်မောင်ညို(ဘောဂဗေဒ) မှ တက်ကြွလှုပ်ရှားနိုင်ငံသား(Active Citizenship) ခေါင်းစဉ်ဖြင့်လည်းကောင်း၊
ဆရာ သီဟသူ(ခ) ဦးဆန်နီ မှ ကောင်းမွန်သောစီမံအုပ်ချုပ်မှု (Good Governance) ခေါင်းစဉ်ဖြင့်လည်းကောင်၊
ဆရာ သွင်လင်းအောင်မှ ကောင်းမွန်သာစီမံအုပ်ချုပ်မှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏အခန်းကဏ္ဍ(Civil Society) ခေါင်းစဉ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
တက်ရောက်လာသူများမှလည်း အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ပြန်လည်တင်ပြခြင်း များကို ပြုလုပ်ခဲ့ကြသည်။
ဖိုရမ်သို့ တောင်ငူ၊ ကန်ရိုး၊ ကန်ထောက်၊ မြို့လှ၊ အုပ်တွင်း၊ ကျောက်ကြီး၊ ထန်းတပင် မြို့နယ်များမှ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်များ၊ ၈၈/ငြိမ်းပွင့်နှင့် တောင်သူလယ်သမားအဖွဲ့အစည်းများမှ စုစုပေါင်း(၆၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။
buy viagra with dapoxetine trial size viagra overnight red viagra