သံလွင်နိုင်ငံသားစွမ်းရည်မြှင့်အဖွဲ့ကစီစဉ်သည့် ကောင်းမွန်သောဒေသန္တရစီမံအုပ်ချုပ်မှုတွင် နိုင်ငံသားများပူးပေါင်းပါဝင်မှုအခန်းကဏ္ဍမြှင့်တင်ရေးစီိမံချက်(ဖျာပုံခရိုင်/ ၂၀၁၉ – ၂၀၂၀)အဖြစ် (ဘိုကလေးမြို့နယ်၊ ပိုက်စလပ်ကျေးရွာ၏ ဝက်ကော်၊ ၀ါးနက်ကုန်း၊ ပိုက်စလပ် ကျေးရွာအုပ်စုများ။ စက်ဆန်းကျေးရွာ၏ အမှတ် ၁ နယ်မြေ၊ အောင်ချမ်းသာ၊ ပုဏ္ဏရိပ် ကျေးရွာအုပ်စုးများ။ ဂရန်းကျေးရွာ၏ ရွာမ၊ ရွာသစ်၊ သာယာကုန်းကျေးရွာအုပ်စုများ)အတွင်း လူထုသဘောထားအမြင်စစ်တမ်းကောက်ယူခြင်းအစီအစဉ်ကို ( ၂၆. ၁၁. ၂၀၁၉ မှ ၂. ၁၀. ၂၀၁၉၊ ထိ ) ခြောက်ရက်တာဆောင်ရွက်ခဲ့သည်။

၎င်း စစ်တမ်းကို ဖျာပုံခရိုင်အတွင်းရှိမြို့နယ်များဖြစ်သော ကျိုက်လတ်၊ ဘိုးကလေး၊ ဒေးဒရဲနှင့်ဖျာပုံမြို့နယ်များနှင့် ကျေးရွာများတွင် ကောက်ယူသွားမည်ဖြစ်ပြီး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံနှင့် ဘိုကလေးမြို့နယ် တို့တွင်ကောက်ယူပြီးစီးခဲ့သည်။

ယခုစစ်တမ်းကိုကောက်ယူရာတွင် အလင်းတန်းလူမှုဖွံဖြိုးရေးအဖွဲ့ဝင်များကတက်ကြွစွာပူးပေါင်းပါဝင်ကူညီပေးခဲ့ကြပါသည်။ စစ်တမ်းကောက်ယူရာတွင် ကူညီပေးခဲ့ကြသော ဒေသခံပြည်သူများ၊ အလင်းတန်းလူမှုဖွံဖြိုးရေးအဖွဲ့နှင့် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသူများအား အထူးပင်ကျေးဇူးတင်ရှိပါသည်။

 

သံလြင္ႏုိင္ငံသားစြမ္းရည္ျမွင့္အဖြဲ႕ကစီစဥ္သည့္ ေကာင္းမြန္ေသာေဒသႏၱရစီမံအုပ္ခ်ဳပ္မႈတြင္ ႏုိင္ငံသားမ်ားပူးေပါင္းပါ၀င္မႈအခန္းက႑ျမွင့္တင္ေရးစီိမံခ်က္(ဖ်ာပုံခရုိင္/ ၂၀၁၉ – ၂၀၂၀)အျဖစ္ (ဘုိကေလးၿမိဳ႕နယ္၊ ပိုက္စလပ္ေက်းရြာ၏ ၀က္ေကာ္၊ ၀ါးနက္ကုန္း၊ ပိုက္စလပ္ ေက်းရြာအုပ္စုမ်ား။ စက္ဆန္းေက်းရြာ၏ အမွတ္ ၁ နယ္ေျမ၊ ေအာင္ခ်မ္းသာ၊ ပုဏၰရိပ္ ေက်းရြာအုပ္စုးမ်ား။ ဂရန္းေက်းရြာ၏ ရြာမ၊ ရြာသစ္၊ သာယာကုန္းေက်းရြာအုပ္စုမ်ား)အတြင္း လူထုသေဘာထားအျမင္စစ္တမ္းေကာက္ယူျခင္းအစီအစဥ္ကို ( ၂၆. ၁၁. ၂၀၁၉ မွ ၂. ၁၀. ၂၀၁၉၊ ထိ ) ေျခာက္ရက္တာေဆာင္ရြက္ခဲ့သည္။

၎ စစ္တမ္းကို ဖ်ာပုံခရုိင္အတြင္းရွိၿမိဳ႕နယ္မ်ားျဖစ္ေသာ က်ဳိက္လတ္၊ ဘုိးကေလး၊ ေဒးဒရဲႏွင့္ဖ်ာပုံၿမိဳ႕နယ္မ်ားႏွင့္ ေက်းရြာမ်ားတြင္ ေကာက္ယူသြားမည္ျဖစ္ၿပီး၊ က်ဳိက္လတ္၊ ေဒးဒရဲ၊ ဖ်ာပုံႏွင့္ ဘုိကေလးၿမိဳ႕နယ္ တို႔တြင္ေကာက္ယူၿပီးစီးခဲ့သည္။

ယခုစစ္တမ္းကိုေကာက္ယူရာတြင္ အလင္းတန္းလူမႈဖြံၿဖိဳးေရးအဖြဲ႔၀င္မ်ားကတက္ႀကြစြာပူးေပါင္းပါ၀င္ကူညီေပးခဲ့ၾကပါသည္။ စစ္တမ္းေကာက္ယူရာတြင္ ကူညီေပးခဲ့ၾကေသာ ေဒသခံျပည္သူမ်ား၊ အလင္းတန္းလူမႈဖြံၿဖိဳးေရးအဖြဲ႔ႏွင့္ ပါ၀င္ကူညီေဆာင္ရြက္ခဲ့ၾကသူမ်ားအား အထူးပင္ေက်းဇူးတင္ရွိပါသည္။