24-10-16-2124-10-16-22

( ၃.၁၁.၂၀၁၆) ရက်နေ့၊ My Garden Restaurant တွင် သံလွင်အဖွဲ့က စီစဉ်သည့် လယ်ယာမြေ နှင့်ပတ်သက်သော မူဝါဒနှင့် ဥပဒေများအပေါ် ဝေဖန်သုံးသပ် အကြံပြုသည့် ဆွေးနွေးပွဲ (ဒုတိယအကြိမ်)ကို ကျင်းပပြုလုပ်ခဲ့သည်။အဓိကဆွေးနွေးပွဲခေါင်းစဉ်မှာ “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေ” ကိုဝေဖန်သုံးသပ်ခြင်းဖြစ်သည်။

အဓိကဆွေးနွေးဖြေကြားပေးသူမှာ ဆရာဦးဇော်မင်း(နတ်မောက်) ဖြစ်သည်။ ကျန်ဆွေနွေးသူများမှာ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီမှ တာဝန်ရှိကိုယ်စားလှယ်များ၊ ပြည့်သူ့လွှတ်တော်မှ ကိုယ်စားလှယ်များ၊ လယ်ယာ မြေအရေးအမှုအခင်းများတွင် လိုက်ပါဆောင်ရွက်နေသော ရှေ့နေကြီးများ၊ လယ်ယာမြေအရေး ဆောင်ရွက်ပေးနေသော ပြည်တွင်းနှင့်နိုင်ငံတကာ မှ NGO များ အရပ်ဘက်အဖွဲ့အစည်းများ မှကိုယ်စား လှယ်များဖြစ်ကြပါသည်။ ဆွေးနွေး ပွဲသည် အားကောင်းလွန်းပြီး တချို့ကတော့ ဒီဥပဒေကို ဖျက်သိမ်းသင့်ပါသည်အထိ တင်ပြဆွေးနွေးသွား ကြပါသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမူ ဥပဒေသည် တပ်မတာ်အစိုးရခေတ် (၁၉၉၀) ရွေးကောက်ပွဲအပြီး၊ တပ်မတာ်အစိုးရက ညွှန်ကြားချက်အမိန့်အဖြစ် ထုတ်ပြန်ခဲ့သည့် ဥပဒေဖြစ်သည်။ မြန်မာပြည်အနှံေ့မြတွေကို ရောင်းချ နိုင်ရန် လိုသလို စိတ်ကြိုက်ချယ်လှယ်နိုင်ရန်အတွက် ဆောင်ရွက်ခဲ့သည့် ဒီကနေ့ဖြစ်ပေါ်နေတဲ့ တရားမဲ့ မြေသိမ်းခံရမှုတွေ၏ အစ မူလညွှန်ကြားချက် လို့လည်းဆိုနိုင်ပါသည်။ (၂၀၁၂) ခုနှစ်တွင် လယ်ယာမြေဥပဒေနဲ့အတူ၊ ဥပဒေအဖြစ်ပြဌာန်းခဲ့သည့် ဥပဒေများသည် တပ်မတော် အရာရှိကြီးများနှင့် ခရိုနီကြီးများ၊ အကြီး အကျယ်မြေပိုင်ဆိုင်ရေးနှင့် ၎င်းတို့အတွက် အကာကွယ်ပေးရေး ဥပဒေအဖြစ်ရေးဆွဲခြင်းဖြစ်သည်ဟု ဝေဖန်ခံနေရသည့် ဥပဒေများဖြစ်သည်။ ယနေ့ လယ်သိမ်းခံတောင်သူတွေကို ထောင်ပြန်ချပေးနေသော ဥပဒေကလည်း ဒီဥပဒေပဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးရှုထောင့်၊ လူ့အခွင့်ရေးနဲ့ တရားမျှတမှုရှုထောင့်၊ ဥပဒေရှူထောင့် များဖြင့် တက်တက်ကြွကြွ ဆွေးနွေး ဝေဖန်ထောက်ပြသွားကြသည်။ တချို့ဥပဒေမျာကိုလည်း ဖျက်သိမ်းသင့်သည့် ဥပဒေအဖြစ်တင်ပြ ဆွေးနွေးခဲ့ကြသည်။

Leave a Reply

Your email address will not be published.

Comment moderation is enabled. Your comment may take some time to appear.