သံလွင်ရဲ ့ဖိုရမ် ကို ၂၀၁၆၊ ဧပြီလ ၂ ရက်နေ ့က ပုသိမ်မြို ့ကရုဏာမြန်မာစင်တာမှာပြု လုပ်ခဲ ့ပါတယ်။ ခေါင်းစဉ်မှာလယ်ယာမြေမူဝါဒ၊ လယ်ယာမြေစီမံခန် ့ခွဲမှုနှင့် လယ်ယာမြေ ပြသနာဆိုင်ရာဆွေးနွေးပွဲ ဖြစ်ပါတယ်။ မနက် (၉) နာရီမှာစတင်ပြီး ညနေ( ၅ )နာရီ မှာပြီး ပါတယ်။မြို ့နယ် ၂၁ ခုမှ (၁၂၂)ဦးတက်ရောက်ခဲ ့ပါတယ်။ ဖိုရမ်တွင်မြန်မာ့စီးပွားရေးမှာ လယ်ယာကဏ္ဍအရေးပါပုံကို လယ်ယာဘောဂဗေဒပညာရှင်ဦးလေးညွန် ့ ( မောင်သံဒိုင် -ဘောဂဗေဒ) ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ Panel Discussion ကို ဦးဖိုးဖြူ (ဥပဒေပညာ ရှင်)၊ ဦးငြိမ်းဇာနည်နိုင်(Land Core Group)၊ဦးစည်သူ(Lands in Our Hand) တို ့က ဦးဆောင်ဆွေးနွေးပြီး ဦးဇော်မင်းကျော်က Moderator အဖြစ်ဆောင်ရွက်ခဲ့ပါသည် နေ ့လယ်ပိုင်းမှာ အုပ်စု ၅ စုခွဲပြီးဆွေးနွေးခဲ ့ကြပါတယ်။