သံလွင်(Citizen Empowerment Program) အဖွဲ့မှစီစဉ်သည့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအပေါ်ပြည်သူတို့၏သဘောထားအမြင် စကားဝိုင်းဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် (၂၅ . ၂. ၂၀၂၀) ရက်နေ့မနက်ပိုင်းတွင် ဥတိုကျေးရွာ၊ ကျုံဒူးဒါးမလိမ်းကျေးရွာနှင့် ဂွကလေးကျေးရွာတို့ရှိ ပြည်သူများဖြင့်လည်းကောင်း၊
နေ့လယ်ပိုင်းတွင် မြို့ပေါ် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃) ရပ်ကွက်တို့အတွင်းရှိ ပြည်သူများဖြင့်လည်းကောင်း၊ အပိုင်းနှစ်ပိုင်းခွဲကာပြုလုပ်ခဲ့သည်။
၎င်းဆွေးနွေးပွဲတွင် ရပ်ကွက်ကျေးရွာနေပြည်သူများမှ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၏ မိမိတို့ဒေသအတွင်း ဖွံ့ဖြိုးရေးအတွက် လက်ရှိလုပ်ဆောင်နေသော ဆောင်ရွက်ချက်များအားလည်းကောင်း၊ ပြည်သူလူထုနှင့်ဆက်ဆံရေးအခြေအနေ၊ ရပ်ရွာလုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းတံတားများအခြေအနေနှင့် သောက်သုံးရေကန်များ၊ ရေနုတ်မြောင်းများ၏အခြေအနေ၊ လယ်ယာမြေရေရရှိမှုအခက်အခဲများနှင့် လိုအပ်ချက်များကိုုိ ပွင့်လင်းမြင်သာစွာဆွေးနွေးခဲ့ကြသည်။
ဤသိုု့ သံလွင်(Citizen Empowerment Program) အဖွဲ့နှင့်အတူ ပြည်သူလူထုအမြင်သဘောထားစစ်တမ်းကောက်ယူခြင်းနှင့် စကားဝိုင်းဆွေးနွေးပွဲများတွင် တက်ကြွစွာ ကူညီဆောင်ရွက်ပေးပါသော ဦးရဲအောင်(OMI)၊ ဒေသခံ ဗော်လန်တီယာများ အားလည်းကောင်း၊ စစ်တမ်းကောက်ယူစဉ် စိတ်ရှည်စွာ ဖြေကြားပေးခြင်း၊ ပွင့်လင်းမြင်သာစွာ ပါဝင်ဆွေးနွေးပေးပါသော ကျေးရွာ/ ရပ်ကွက်နေပြည်သူများအားလည်းကောင်း၊ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

 

စကားဝိုင်းဆွေးနွေးပွဲ(ဒေးဒရဲမြို့နယ်) ၂၅. ဖေဖေါ်ဝါရီ၊ ၂၀၂၀။



၎င်းဆွေးနွေးပွဲတွင် ရပ်ကွက်ကျေးရွာနေပြည်သူများမှ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၏ မိမိတို့ဒေသအတွင်း ဖွံ့ဖြိုးရေးအတွက် လက်ရှိလုပ်ဆောင်နေသော ဆောင်ရွက်ချက်များအားလည်းကောင်း၊ ပြည်သူလူထုနှင့်ဆက်ဆံရေးအခြေအနေ၊ ရပ်ရွာလုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းတံတားများအခြေအနေနှင့် သောက်သုံးရေကန်များ၊ ရေနုတ်မြောင်းများ၏အခြေအနေ၊ လယ်ယာမြေရေရရှိမှုအခက်အခဲများနှင့် လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာဆွေးနွေးခဲ့ကြသည်။

ဤသို့ သံလွင်(Citizen Empowerment Program) အဖွဲ့နှင့်အတူ ပြည်သူလူထုအမြင်သဘောထားစစ်တမ်းကောက်ယူခြင်းနှင့် စကားဝိုင်းဆွေးနွေးပွဲများတွင် တက်ကြွစွာ ကူညီဆောင်ရွက်ပေးပါသော ဦးရဲအောင်(OMI)၊ ဒေသခံ ဗော်လန်တီယာများ အားလည်းကောင်း၊ စစ်တမ်းကောက်ယူစဉ် စိတ်ရှည်စွာ ဖြေကြားပေးခြင်း၊ ပွင့်လင်းမြင်သာစွာ ပါဝင်ဆွေးနွေးပေးပါသော ကျေးရွာ/ ရပ်ကွက်နေပြည်သူများအားလည်းကောင်း၊ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။